“ကြိုတင်အသိပေး ပန်ကြားခြင်း”

မင်္ဂလာပါခင်ဗျာ။
မူဆယ်မြို့နယ်အတွင်း တိုးတက်လာသော ဓာတ်အားသုံးစွဲမှု အခြေအနေ အရ ဝန်အား ပိုမိုနိုင်နင်းစွာ ဖြန့်ဖြူးပေးနိုင်ရေး၊ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေး နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး တို့အတွက် ၆၆/၁၁ ကေဗွီ မူဆယ် ခွဲရုံအထွက် မှ စိုးသစ္စာ ဆီဆိုင်ရှေ့ (၄)တိုင်စင် အထိဓာတ်အားဖြန့်ဖြူးပေးထားသော ၁၀၅ မိုင် ဖီဒါ နှင့် စွမ်စော် ဖီဒါ ရှိ ၁၁ ကေဗွီ ဓာတ်အား လိုင်းကြိုးများမှ ACSR 70 mm2 ကြိုးများအား Junction River Trading Co.,Ltd ၏ ရင်းနှီး မြှုပ်နှံမှုဖြင့် 12 kV SAC 120 mm2 ကြိုးများဖြင့် အစားထိုး လဲလှယ်ခြင်း လုပ်ငန်းများအား ၁၁ ကေဗွီ ဖီဒါ အလိုက် ဓာတ်အားပိတ်၍လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါသည်။
အဆိုပါ ၁၀၅ မိုင် ဖီဒါ နှင့် စွမ်စော် ဖီဒါ ရှိ ၁၁ ကေဗွီ ဓာတ်အား လိုင်းကြိုးများအစားထိုး လဲလှယ်ခြင်း လုပ်ငန်း
ဆောင်ရွက်မည့် (14•1•2020) ရက်နေ့ မနက် (၀၉:၀၀) နာရီ မှ ညနေ (၁၆:၀၀) နာရီ အချိန်အတွင်း(( ***[ ဟိုနား ၊ ကောင်းမှုလွယ် ၊ ကောင်းမှုတုံ ၊ ပန်လုံ ၊ မန့်ဝိန်း ] ရပ်ကွက်၊ မြို့ကွက်သစ် ၊ရွှေသမင် ကွက်သစ်၊ { နမ့်ခွန် ၊အောက်တုံခန် ၊ အထက်တုံခန်၊ မိုင်းယု ၊ မန့်မော် ၊ရွာမ } ရွာ ၊ FOC တပ် ***)) တို့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ခင်ဗျား။

Share

Leave comment